Friday, November 30, 2012

ပန်းသီးစားသုံးသူများ


ပန်းသီးစားသုံးသူများ

ဘယ်ကပန်းသီးလဲ ?

စဉ်းစားစမ်း၊ အင်းယားလမ်းသစ်သီးတန်းကလား ?

တရုတ်တန်းကလား၊ ရန်ကင်း ၁၂ လုံးတန်းကလား

မဟုတ်ရင် ဧဒင်ဥယျာဉ်အတွင်းကလား ?

စေတန်က ပညတ်တွေ ကပ်ထားတယ်

ပိုက်ဆံကျိန်စာ၊ မိုက်မဲမှုကျိန်စာ

ဒါတွေအဆိပ်ခတ်ပြီးဖွတ်ထားတယ်

ဘယ်သူ့အတွက်ပန်းသီးလဲ ?

အရာရာဈေးဖြတ်တတ်တဲ့ ဘူဇွာသူဌေးအတွက်လား ?

နို့ငတ်တဲ့လူမမာကလေးအတွက်လား ?

ဒါမှမဟုတ် ရှည်ရှည်ဝေးဝေး မတွေးတတ်တဲ့ ဧ၀အတွက်လား ?

စေတန်က ပညတ်တွေကပ်ထားတယ်

လောဘကျိန်စာ၊ မောဟကျိန်စာ

ဒါတွေအဆိပ်ခတ်ပြီး ဖွတ်ထားတယ်။      ။



ဆလက်ရွက်၏ ကျန်းမာရေးစွမ်းပကား


     ဆလတ်ရွက်ကို အကြော်စုံနဲ့တွဲစားကြသလို ငပိရည်နဲ့ တွဲဖက်ပြီး အတို့အမြှုပ်အဖြစ်လည်း စားကြပါတယ်။ တချို့က ဟမ်ဘာဂါထဲညှပ်ပြီး စားကြကာ ဆလတ်ရွက်တွေချည်း သုပ်ပြီးလည်း စားကြပါတယ်။ မြန်မာလူမျိုးတွေ အစားများတဲ့ ဆလတ်ရွက်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေနဲ့ အကျိုးကျေးဇူးတွေကို ရေးသားလိုက်ရပါတယ်။

(၁) ပရိုတင်းဓာတ် - ဆလတ်ရွက် ၇ ဒသမ ၇ ဂရမ်မှာ တစ်နေ့တာလိုအပ်တဲ့ ပရိုတင်းဓာတ် ၁၇ ရာခိုင်နှုန်းပါဝင်ပါတယ်။ ဆလတ်ရွက်မှာပါတဲ့ ပရိုတင်းဓာတ်က အမိုင်နိုအက်စစ်ရှစ်မျိုးပေါင်းထားတာပါ။

(၂) ကယ်လ်စီယမ်ဓာတ် - ဆလတ်ရွက်တစ်ပင်မှာ ကယ်လ်စီယမ် ၂၀၆ မီလီဂရမ် (တစ်နေ့တာလိုအပ်တဲ့ ပမာဏရဲ့ ၂၁ ရာခိုင်နှုန်း) ပါဝင်ပါတယ်။

(၃) အိုမီဂါ ၃ ဖက်တီးအက်စစ် - ဆလတ်ရွက်တစ်ပင်မှာ အိုမီဂါ ၃ ဖက်တီးအက်စစ် တစ်နေ့တာလိုအပ်တဲ့ ပမာဏရဲ့ ၄၄ ရာခိုင်နှုန်းပါဝင်ပါတယ်။

(၄) ဗီတာမင် စီ - လိမ္မော်သီးတစ်လုံးမှာထက် ဗီတာမင်စီ ပိုမိုပါဝင်ပါတယ်။ ဆလတ်ရွက်တစ်ပင်မှာ ဗီတာမင်စီ တစ်နေ့တာလိုအပ်တဲ့ ပမာဏရဲ့ ၁၆၇ ရာခိုင်နှုန်း ပါဝင်ပါတယ်။

(၅) သံဓာတ် - ဆလတ်ရွက်တစ်ပင်မှာ သံဓာတ် ၆ မီလီဂရမ် ပါဝင်ပါတယ်။

(၆) ဗီတာမင် ဘီ - ဆလတ်ရွက်မှာ ဗီတာမင် B1 ၊B2၊ B3၊ B5၊ B6၊ B9 တို့ပါဝင်ပါတယ်။

(၇) ရေ - ဆလတ်ရွက်တစ်ပင်မှာ တစ်နေ့တာ လိုအပ်တဲ့ ရေဓာတ်ရဲ့ ၁၆ ရာခိုင်နှုန်းခန့် ပါဝင်ပါတယ်။

(၈) ဗီတာမင် အေ နှင့် ကေ - ဆလတ်ရွက်မှာ ဘီတာကယ်ရိုတင်းနဲ့ ဗီတာမင်ကေတို့ များစွာ ပါဝင်ပါတယ်။

(၉) အောက်ဇဲလ်လစ်အက်စစ် ပါဝင်မှုနည်းပါးခြင်း - ကျောက်ကပ်ကျောက်တည်တဲ့ ဝေဒနာရှိသူတွေ အစိမ်းရောင် ဟင်းရွက်စားချင်ရင် အောက်ဇဲလ်လစ် အက်စစ်ပါဝင်မှု အလွန်နည်းပါးတဲ့ ဆလတ်ရွက်ကို စားနိုင်ပါတယ်။

(၁၀) သတ္တုဓာတ် - ဆလတ်ရွက်မှာ ကြေးနီ၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ်၊ ဖော့စဖရပ်စ်၊ ပိုတက်စီယမ်၊ ဆီလီနီယမ်နဲ့ သွပ်ဓာတ် စတဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။

အကျိုးကျေးဇူးများ

♦ ဆလတ်ရွက်ဟာ ကယ်လိုရီနည်းပါးတဲ့ ဟင်းရွက်စိမ်းဖြစ်ပြီး ဖိုင်တိုနျူးထရီးရန့် များစွာ ပါဝင်တာကြောင့် ကျန်းမာရေးကောင်းမွန်ပြီး ရောဂါကာကွယ်နိုင်တဲ့ အစွမ်းရှိပါတယ်။

♦ ဆလတ်ရွက်မှာ ဗီတာမင်များစွာ ပါဝင်တာကြောင့် အင်တီအောက်ဆီးဒင့် အစွမ်းရှိပါတယ်။ အရေပြားနဲ့ အမြှေးပါး တည်ဆောက်မှုကို ကောင်းစေပြီး အမြင်အာရုံကို ကြည်လင်စေပါတယ်။ ဖလေဗိုးနွိုက်ပါဝင်တာကြောင့် အဆုတ်နဲ့ခံတွင်းကင်ဆာ တွေ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

♦ ဆလတ်ရွက်မှာ ဗီတာမင်ကေ ပါဝင်မှုကြောင့် အရိုးထုထည်ကို ကောင်းစေပြီး အရိုးရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုများမှာ အရေးပါပါတယ်။ ဦးနှောက်ထဲက နျူရွှန်ထိခိုက်မှုကို လျှော့ချနိုင်တာကြောင့် အယ်လ်ဇိုင်းမားရောဂါရှိသူတွေ စားသင့်ပါတယ်။

♦ ဆလတ်ရွက်မှာ ဖောလိတ်နဲ့ ဗီတာမင်စီများများ ပါဝင်ပါတယ်။ ဒီအင်န်အေ တည်ဆောက်မှုအတွက် ဖောလိတ်လိုအပ်ပါတယ်။ ဗီတာမင်စီက ကူးစက်တတ်တဲ့ ရောဂါတွေ မဖြစ်စေဖို့နဲ့ ဖရီးရယ်ဒီကယ်ကြောင့် ရောင်ရမ်းမှု မဖြစ်စေဖို့ ကူညီနိုင်ပါတယ်။

♦ ဆလတ်ရွက်မှာ ကာရိုတီးနွိုက်ပါဝင်တာကြောင့် မျက်စိအာရုံခံလွှာနဲ့ မက်ကူလာအတွက် အကျိုးအာနိသင်ရှိပါတယ်။ အကြောင်းကတော့ အင်တီအောက်ဆီးဒင့်အဖြစ် စွမ်းဆောင်နိုင်လို့ပါ။

♦ ဆလတ်ရွက်မှာ ပါဝင်တဲ့ သတ္တုဓာတ်တွေက ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုအတွက် အရေးပါတဲ့အပြင် နှလုံးခုန်နှုန်းနဲ့ သွေးဖီအားကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ကြေးနီပါဝင်တာကြောင့် သွေးနီဥထုတ်လုပ်မှုကို ကောင်းစေပြီး သံဓာတ်ဟာ သွေးနီဥဖြစ်ပေါ်ရေးအတွ့် အရေးပါပါတယ်။ ဒါကြောင့် ဆလတ်ရွက်ကို ပုံမှန်စားပေးရင် သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။


                                                     ကြယ်စင်

Monday, November 26, 2012

အာခံတွင်းအနံ့နံခြင်းနှင့် သွားပြဿနာ


   အာခံတွင်းအနံ့နံတာဟာ သွားမှာ ပြဿနာရှိတာနဲ့ သက်ဆိုင်နေပါတယ်။ သွားပြဿနာတွေဆိုတာ သွားမျက်နှာပြင်မှာ ကပ်ငြိနေတဲ့ စားကြွင်းစားကျန်တွေကို ဆိုလိုပါတယ်။ ဒီစားကြွင်းစားကျန်တွေကနေတစ်ဆင့် သွားပိုးစားပေါက်နဲ့ သွားမျက်နှာပြင်ရှိ ကျောက်ခဲတွေဖြစ်ပြီး အဲဒီသွားပိုးးစားပေါက်နဲ့ ကျောက်တွေကနေတစ်ဆင့် သွားဖုံးရောင် ရောဂါတွေရပြီး ပါးစပ်နံစေတော့တာပါပဲ။

ခံတွင်းနံ့ ကင်းစေရန်

   ခံတွင်းနံ့ကင်းစင်အောင် ထိန်းသိမ်းဖို့ကတော့ သွားတွေမှာ ဖြစ်ပေါ်လာတဲ့ သွားပိုးစားပေါက်တွေကို ဖာထေးရပါမယ်။ သွားမျက်နှာပြင်ပေါ်မှာ ကပ်နေတဲ့ ကျောက်တွေကို ဖယ်ရှားရပါမယ်။ အိပ်ရာမ၀င်ခင် သွားတိုက်ရပါမယ်။ ရေကို များများသောက်ရပါမယ်။ ရေများများသောက်တာက ပါးစပ်တွင်းစိုစွတ်မှုကို ဖြစ်စေပါတယ်။

အရက်၊ ဆေးလိပ်နှင့် အာခံတွင်း

   အရက်သောက်တာက ခံတွင်းတစ်သျှူးတွေကို ခြောက်သွေ့စေတာကြောင့် အရက်ကို ရှောင်ရပါမယ်။ ဆေးလိပ်သောက်တာကလည်း ခံတွင်းကို နံစေတာကြောင့် ဆေးလိပ်မသောက်သင့်ပါဘူး။ အစားအစာတချို့ (ဥပမာ-ကြက်သွန်ဖြူ) စားရင် ပါးစပ်နံစေနိုင်ပါတယ်။ လူအများကြား သွားလာပြောဆိုရတော့မယ်ဆိုရင် ခံတွင်းနံ့မနံအောင် ဒီလိုအစားအသောက်တွေကို ရှောင်သင့်ပါတယ်။ သွားတိုက်တဲ့အခါတိုင်း လျှာမျက်နှာပြင်ကို ခြစ်ထုတ်သန့်စင်ပေးရပါမယ်။

နှစ်ရှည်လများ ဆေးလိပ်သောက်ခဲ့လျှင်

   နှစ်ရှည်၊ လရှည် စီးကရက်သောက်ပြီး ဖြတ်လိုက်ရင်တော့ အာခံတွင်းထဲမှာ အထိုက်အလျောက်အနံ့တွေ စွဲကျန်နေနိုင်ပါတယ်။ ဒီအနံ့တွေ စွဲကျန်နေနိုင်တဲ့ စားကြွင်းစားကျန်တွေ၊ ကျောက်တွေကို ဖယ်ရှားသန့်စင်ရပါမယ်။ ပါးစပ်ထဲက သွားတွေ လုံးဝသန့်စင်သွားတဲ့အခါမှာတော့ အာခံတွင်းနံ့က ပြန်လည်သင်းပျံ့လာပါလိမ့်မယ်။ ကျောက်တွေကိုဖယ်ရှားတဲ့နည်းကတော့ လက်နဲ့ဖယ်ရှားတဲ့နည်းနဲ့ စက်နဲ့ဖယ်ရှားတဲ့နည်းဆိုပြီး နှစ်နည်းရှိပါတယ်။ စက်နဲ့ ဖယ်ရှားတဲ့နည်းကတော့ တုန်ခါစေတဲ့ ပစ္စည်းနဲ့ သွားမျက်နှာပြင်က ကျောက်တွေကို ဖယ်ရှားသန့်စင်တာပဲ ဖြစ်ပါတယ်။

ဒေါက်တာမိုလာ

အသုံးများသောအင်္ဂလိပ်စကားပြော (၁၀၀၀)



အကြည်တော် - အို...ဘာတဲ့



အကြည်တော် - အထုံ



အကြည်တော် - ပြုံးတော်မူ


အကြည်တော် - မိုးတိမ်ပုံပြင်



အကြည်တော် - အိပ်မက်အပိုဒ်ခွဲ ၉



Thursday, November 22, 2012

နတ်နွယ် - တဖန်ပြန်၍မနိုးသောဝေဒနာ



နတ်နွယ် - ရေအောက်တစ္ဆေ



နတ်နွယ် - မိုရေးဗီးယား၏အတိုင်းအတာများ



နတ်နွယ် - ကမ္ဘာ့စာပေ တစေ့တစောင်း



နတ်နွယ် - အလည်လာတဲ့မိန်းကလေးရယ်


Download ~> နတ်နွယ် - အလည်လာတဲ့မိန်းကလေးရယ် <~

နတ်နွယ် - ဒက်ဇယ်လာ


နတ်နွယ် - မင်းမှာသစ္စာ လူမှာကတိ