Friday, November 30, 2012

ပန်းသီးစားသုံးသူများ


ပန်းသီးစားသုံးသူများ

ဘယ်ကပန်းသီးလဲ ?

စဉ်းစားစမ်း၊ အင်းယားလမ်းသစ်သီးတန်းကလား ?

တရုတ်တန်းကလား၊ ရန်ကင်း ၁၂ လုံးတန်းကလား

မဟုတ်ရင် ဧဒင်ဥယျာဉ်အတွင်းကလား ?

စေတန်က ပညတ်တွေ ကပ်ထားတယ်

ပိုက်ဆံကျိန်စာ၊ မိုက်မဲမှုကျိန်စာ

ဒါတွေအဆိပ်ခတ်ပြီးဖွတ်ထားတယ်

ဘယ်သူ့အတွက်ပန်းသီးလဲ ?

အရာရာဈေးဖြတ်တတ်တဲ့ ဘူဇွာသူဌေးအတွက်လား ?

နို့ငတ်တဲ့လူမမာကလေးအတွက်လား ?

ဒါမှမဟုတ် ရှည်ရှည်ဝေးဝေး မတွေးတတ်တဲ့ ဧ၀အတွက်လား ?

စေတန်က ပညတ်တွေကပ်ထားတယ်

လောဘကျိန်စာ၊ မောဟကျိန်စာ

ဒါတွေအဆိပ်ခတ်ပြီး ဖွတ်ထားတယ်။      ။



No comments:

Post a Comment