Thursday, December 27, 2012

သြဇာသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ


     ကမ္ဘာတစ်ဝန်းလုံးမှာ ပေါက်ရောက်နေတဲ့ ချိုတဲံသစ်သီးဖြစ်တဲ့ သြဇာသီးဟာ 
အရသာရှိသလို ဆေးဖက်ဝင်တဲ့ အစွမ်းလည်း အများအပြား ရှိပါတယ်။

(၁) အစာမကြေဝေဒနာကို သက်သာစေပါတယ်
သြဇာသီးဟာ အစာမကြေတာ၊ ရင်ပြည့်ရင်ကယ်တာ စတဲ့ ဝေဒနာတွေကို 
သက်သာစေပါတယ်။

(၂) ၀မ်းပျက်ဝမ်းလျှောတာနဲ့ ၀မ်းကိုက်တာကို သက်သာစေပါတယ်
သြဇာသီးမှာ ကြေးနီဓာတ် ပါဝင်တာကြောင့် ၀မ်းချုပ်ခြင်း ကင်းဝေးစေပြီး 

ဝမ်းပျက်ဝမ်းလျှောတာနဲ့ ၀မ်းကိုက်တာတို့ကိုလည်း သက်သာစေပါတယ်။

(၃) အင်တီအောက်ဆီးဒင့် အစွမ်းရှိပါတယ်
ဗီတာမင်စီအများအပြား ပါဝင်တာကြောင့် အင်တီအောက်ဆီးဒင့် 

ဂုဏ်သတ္တိရှိကာ ကိုယ်ခန္ဓာတွင်းရှိ ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။

(၄) အသားအရေနဲ့ ဆံကေသာကို ကျန်းမာစေပါတယ်
သြဇာသီးမှာ ဗီတာမင်အေ ပါဝင်တာကြောင့် အသားအရေနဲ့ ဆံကေသာကို 
ကျန်းမာစေပါတယ်။

(၅) နှလုံးကျန်းမာစေပါတယ်
သြဇာသီးမှာ ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှု များတာကြောင့် 
နှလုံးရောဂါမဖြစ်အောင် အကာအကွယ်ပေးပါတယ်။ ကြွက်သားအားနည်းမှုကို 
သက်သာစေတဲ့အတွက် ပင်ပန်းနွမ်းနယ်မှု ကင်းစေပါတယ်။

(၆) အဆစ်ကို ကျန်းမာစေပါတယ်
သြဇာသီးမှာ မဂ္ဂနီဆီယမ် များစွာပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း ရေဓာတ်ကို 
ဟန်ချက်ညီမျှစေပြီး အဆစ်တွေထဲက အက်စစ် ဖယ်ရှားရေးမှာ ပါဝင်ကူညီပါတယ်။ 
ဒါကြောင့် အဆစ်ရောင်နာတဲ့ လက္ခဏာတွေကို လျော့ကျစေပါတယ်။

(၇) အထွေထွေ ကျန်းမာရေး ကောင်းမွန်စေပါတယ်
သြဇာသီးမှာ သိုင်ယာမင်း (B1)၊ ဗီတာမင်အေ၊ ရိုင်ဘိုဖလေဗင် (B2)၊ 
သဘာဝသကြား၊ နိုင်ယာစင်၊ ကာဗိုဟိုက်ဒရိတ်၊ သံဓာတ်၊ ပရိုတင်း၊ ဇင့်၊ မဂ္ဂနီဆီယမ်၊ 
ကြေးနီ၊ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်၊ ဗီတာမင်စီ၊ အမျှင်ဓာတ် 
စတာတွေပါဝင်တာကြောင့် အထွေထွေကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(၈) ပိုးသတ်အာနိသင်ရှိပါတယ်
သြဇာသီးအစေ့မှာ ပိုးသတ်စေတဲ့ အာနိသင်ရှိပါတယ်။

(၉) သရေစာအဖြစ် စားနိုင်ပါတယ်
သြဇာသီးမှာ သဘာဝသကြားဓာတ် ပါဝင်တာကြောင့် သရေစာနဲ့ 
အချိုပွဲအနေနဲ့ စားသင့်ပါတယ်။

(၁၀) သွေးအားနည်းရောဂါကို သက်သာစေပါတယ်
သြဇာသီးမှာ သံဓာတ်ပါဝင်တာကြောင့် သွေးအားနည်းရောဂါကုသမှုမှာ 
အသုံးဝင်ပါတယ်။

ကြယ်စင်


Epik High - 99


Epik High - 99

03. Wrong
08. Ghost

Monday, December 10, 2012

အိပ်ရင်း သွားကြိတ်နေသလား

      သွားကြိတ်တာက အပေါ်သွားနဲ့ အောက်သွား ပွတ်တိုက်မိလို့ ဖြစ်တာပါ။ သွားကြိတ်တတ်တဲ့သူက မိမိဘာသာသွားကြိတ်တာကို မသိကြပါဘူး။ အိပ်နေချိန်မှာ မိမိဘေးမှာ ရှိနေတဲ့သူက တိတ်ဆိတ်တဲ့ အချိန်မှာ ကြားရတာ ဖြစ်ပါတယ်။ အိမ်မှာ ဟောက်တတ်တဲ့သူနဲ့ သွားကြိတ်တတ်သူတွေ ရှိတယ်ဆိုရင် ညအိပ်ချိန် တိတ်ဆိတ်စဉ်မှာ စောက်သံနဲ့ သွားကြိတ်တဲ့ အသံတွေကို သိသိသာသာကြားရတတ်ပါတယ်။ ဒီအသံနှစ်မျိုးစလုံးက ဘေးက လူတွေကို အိပ်ရေးပျက်စေပါတယ်။

သွားကြိတ်ရသော အကြောင်းရင်း

     တကယ်တော့ သွားကြိတ်တာက အကြောင်းတရား တစ်ခုတည်းကြောင့်ဖြစ်တာ မဟုတ်တဲ့အတွက် ဘာကြောင့်ဖြစ်ရသလဲ ဆိုတဲ့အဖြေ အတိအကျမရှိပါဘူး။ ယေဘုယျအားဖြင့် သွားကြိတ်တာက စိတ်ပိုင်းဆိုင်ရာ ဝေဒနာရတာ၊ အပေါ်မေးရိုးနဲ့ အောက်မေးရိုးထိတွေ့မှု မမှန်တာနဲ့ မိဘမျိုးရိုးတွေကြောင့် ဖြစ်တတ်ပါတယ်။

သွားကြိတ်ခြင်းနှင့် သွားအနေအထား

   သွားကြိတ်တာကတော့ အကြောင်းတရားတွေ စုပြုံပြီး ဖြစ်တာဆိုတော့ သွားအနေအထားတစ်ခုတည်းကြောင့်တော့ ဖြစ်တာမဟုတ်ပါဘူး။ ဖြစ်နိုင်တဲ့ အကြောင်းတရား တစ်ခုအနေနဲ့တော့ ပါဝင်ပါတယ်။

သွားကြိတ်ခြင်းနှင့် လျှာအန္တရာယ်

သွားကြိတ်တာကြောင့် အန္တရာယ်ဆိုတဲ့ စကားလုံးကို မသုံးချင်ပါဘူး။ အန္တရာယ်ဆိုတာ ကြောက်စရာကောင်းပါတယ်။ သွားကြိတ်တာကြောင့်တော့ မေးရိုးတွင်းဆိုးကျိုး၊ သွားဆိုးကျိုးတွေတော့ ဖြစ်တတ်ပါတယ်။ သွားကြိတ်တတ်သူတွေအနေနဲ့ သွားပွန်းတာ၊ သွားပါးတာ၊ သွားတိုတာ၊ သွားကွဲတာ၊ သွားကျဉ်တာ၊ သွားလှုပ်တာ၊ မျက်နှာပိုင်းဆိုင်ရာ အရေပြားကြွက်သားတွေ နာတာ၊ ကိုက်တာနဲ့ မေးရိုးသွေဖည်တာတွေ ဖြစ်တတ်ပါတယ်။ သွားပါးလာတဲ့အခါ ချွန်ထက်တဲ့ သွားစောင်းတွေ ဖြစ်လာပြီး လျှာ်မှာ ရှတတ်ပါတယ်။

သွားကြိတ်ခြင်းမဖြစ်စေရန်ကုသမှု

   သွားကြိတ်တာက မကြာခဏဖြစ်နေပြီး သွားတွေ၊ မေးရိုးတွေထိခိုက်နေတဲ့အဆင့်မှာတော့ သွားဘက်ဆိုင်ရာသုံး ကိရိယာတွေ တပ်ဆင်ပြီး သွားဆရာဝန်တွေ အနေနဲ့ ကုသပေးလို့ရပါတယ်။


ဒေါက်တာမိုလာ

သစ်တိုသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ

     သစ်တိုသီးကို ခရမ်းချဉ်သီးဟင်းထဲ ထည့်ချက်စားလေးရှိကြသလို ကိတ်မုန့်လို သရေစာမုန့်တွေ မှာလည်း ထည့်သွင်းပြုလုပ်လေးရှိပါတယ်။ သစ်တိုသီးမှာ အောက်ပါအာဟာရတန်ဖိုးတွေ ပါဝင်နေပါတယ်။

သစ်တိုသီး၏ စားနိုင်သော အပိုင်း ၁၀၀ ဂရမ်တွင် ပါဝင်သည့် အာဟာရတန်ဖိုး

အစိုဓာတ် - ၈၇ ဂရမ်
ပရိုတင်းဓာတ် - ၀ ဒသမ ၁၁၈ ဂရမ်
ကာဗိုဟိုက်ဒရိတ်
အဆီဓာတ်
အမျှင်ဓာတ်
Ash
ကယ်လ်စီယမ်
ဖော့စ်ဖရပ်စ်
သံဓာတ်
ကာရိုတင်း
သိုင်ယာမင်း
နိုင်ယာစင်
အက်စ်ကောဘစ်အက်စစ်
ပက်တင်

(မှတ်ချက် - အဆိုပါ အာဟာရတန်ဖိုးများသည် ပါဒူးတက္ကသိုလ်၏ လေ့လာထားချက်များ ဖြစ်သည်။)

သစ်တိုပင်ရဲ့ အမြစ်၊ အရွက်နဲ့ အခေါက်တွေမှာလည်း အောက်ပါ ဆေးဖက်ဝင်တဲ့ အာနိသင်တွေရှိတယ်လို့ trifter.com မှာ ဖော်ပြထားပါတယ်။

- ယားယံမှုကို သက်သာစေခြင်း
သစ်တိုရွက်ကို ကြိတ်ခြေပြီး ယားယံနေတဲ့ အရေပြားပေါ်မှာ အုံပေးထားရင် အယားသက်သာစေပါတယ်။

- ၀မ်းလျှော သက်သာစေခြင်း
သစ်တိုမြစ်ကို ၀မ်းလျှောတဲ့ ဝေဒနာအတွက် အစွမ်းထက် အိမ်သုံးဆေးအနေနဲ့ သုံးကြပါတယ်။

- အဖျားကျစေခြင်း
လတ်ဆတ်တဲ့ သစ်တိုရွက်ကို အပူရှိန်တက်နေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းပေါ်မှာ ကပ်ပေးရင် ချွေးထွက်စေပါတယ်။ သစ်ရွက်ပြုတ်ရည်နဲ့ ရေချိုးလေ့ရှိကြပါတယ်။

- ဗိုက်အောင့်သက်သာစေခြင်း
သစ်တိုပင်အမြစ်ကို ဗိုက်အောင့်သက်သာစေတယ်ဆိုပြီး ဆေးဖော်ကာ အသုံးပြုတတ်ကြပါတယ်။



ကြယ်စင်

Monday, December 3, 2012

ရွှေဖရုံစေ့၏ ကျန်းမာရေးအကျိုးကျေးဇူး (၁၀) ရပ်

     အစေ့အဆန်တွေက ကျန်းမာရေးနဲ့ ညီညွတ်မှုရှိတယ်ဆိုတာ သိပြီးဖြစ်မှာပါ။  

အဲဒီအစေ့အဆန်တွေထဲမှာပါဝင်တဲ့ ရွှေဖရုံစေ့ရဲ့ ကျန်းမာရေး အာနိသင်တွေကို 

သိရှိစေဖို့ ရေးသားလိုက်ရပါတယ်။

(၁) နှစ်ခြိုက်စွာ အိပ်မောကျစေခြင်း

     ရွှေဖရုံစေ့မှာ အမိုင်နိုအက်စစ် ထရစ်ပတိုဖန်ပါဝင်မှု မြင့်မားတာကြောင့်

ခန္ဓာကိုယ်ထဲမှာ ဆီရိုတိုနင်အဖြစ်ကူးပြောင်းပြီး ညဘက်မှာ

ကောင်းကောင်းအိပ်မောကျစေပါတယ်။

(၂) အပန်းပြေစေခြင်း

     ရွှေဖရုံစေ့မှာ နှလုံးကို အနာကျက်စေတဲ့ မဂ္ဂနီဆီယမ်သတ္တုဓာတ်များစွာ

ပါဝင်မှုကြောင့် သဘာဝအပန်းပြေစေတဲ့ အစွမ်းရှိပါတယ်။

(၃) သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်ခြင်း

     ရွှေဖရုံစေ့မှာ အလွယ်တကူ အစာကြေညက်စေတဲ့ ပရိုတင်းဓာတ်များစွာ

ပါဝင်တာကြောင့် သွေးတွင်း သကြားဓာတ်ကို တည်ငြိမ်စေပါတယ်။ ဒါကြောင့်

ရွှေဖရုံစေ့ကို တစ်နေ့တာအတွင်း သရေစာအနေနဲ့ စားသင့်ပါတယ်။

ဒီလိုစားပေးတာကြောင့် ကိုယ်အလေးချိန်လျော့ကျအောင်

ကြိုးစားနေသူတွေအတွက် သွေးတွင်း သကြားဓာတ်ကို ထိန်းနိုင်တာကြောင့်

ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။

(၄) ဆီးကျိတ်ကြီးမှု မဖြစ်အောင် လျှော့ချနိုင်ခြင်း

     ရွှေဖရုံစေ့မှာ အိုမီဂါ ၃ ဖက်တီးအက်စစ်ပါဝင်မှု မြင့်မားတာကြောင့်

အမျိုးသားတွေမှာ ဆီးကျိတ်ဂလင်းကြီးမားတဲ့ အခြေအနေ(BPH) ဖြစ်နိုင်ခြေကို

လျော့ကျစေပါတယ်။

(၅) အမျိုးသား ကျန်းမာရေး ကောင်းမွန်စေခြင်း

     ရွှေဖရုံစေ့မှာ ဆီးကျိတ်ကို ကာကွယ်ပေးနိုင်တဲ့ ဇင့်(သွပ်)သတ္တုဓာတ် ပါဝင်မှု

မြင့်မားတာကြောင့် အမျိုးသားကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

(၆) သွေးအားကောင်းစေခြင်း

     ရွှေဖရုံစေ့မှာ သွေးအားကောင်းစေပြီး စွမ်းအင်တိုးစေတဲ့ သံဓာတ် များစွာ

ပါဝင်နေပါတယ်။

(၇) ရောင်ရမ်းမှုကို လျော့ကျစေခြင်း

     တိရစ္ဆာန်တွေကို လေ့လာမှုတွေအရ ရွှေဖရုံစေ့ကို

အစားအသောက်ထဲထည့်စားတဲ့အခါ ရောင်ရမ်းမှုလျော့ကျစေတဲ့

အာနိသင်တွေ ရရှိတာကို တွေ့ရပြီး ရောင်ရမ်းမှုကျဆေး အင်ဒိုမီသာစင်ရဲ့

ထိရောက်မှုနဲ့ ယှဉ်ရင် ဘေးထွက်ဆိုးကျိုးမရှိဘဲ ထိရောက်မှုရှိတာကို

တွေ့ရပါတယ်။

(၈) သွေးတွင်း မကောင်းသော ကိုလက်စထရော ကျစေခြင်း

     ရွှေဖရုံစေ့မှာပါတဲ့ ဖိုင်တိုစတီရောဒြပ်ပေါင်းတွေက သွေးတွင်း မကောင်းတဲ့

ကိုလက်စထရောအဆင့်ကို လျော့ကျစေတယ်လို့ ယုံကြည်ကြပါတယ်။

အခွံမာသီးနဲ့ အစေ့အဆန်တွေအနက် ရွှေဖရုံစေ့မှာ စတီရော(Sterol) ပါဝင်မှု

ဒုတိယအမြင့်မားဆုံး (နေကြာစေ့နဲ့ Pistachios တို့က စတီရောပါဝင်မှု

အများဆုံး) ဖြစ်ပါတယ်။

(၉) ပုံမှန် ကိုယ်အလေးချိန် ထိန်းပေးခြင်း

     ရွှေဖရုံစေ့မှာ အမျှင်ဓာတ်ပါဝင်မှု အကောင်းဆုံးဖြစ်တာကြောင့်

ကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်ပါတယ်။

(၁၀) ခန္ဓာကိုယ်၏ pH ညီမျှစေခြင်း

     ရွှေဖရုံစေ့ဟာ ကိုယ်တွင်း pH ညီမျှအောင် ထိန်းပေးနိုင်ပါတယ်။

သရေစာအများစုဟာ ခန္ဓာကိုယ်တွင်းမှာ အက်စစ်ဓာတ်ကို ဖြစ်စေပါတယ်။

အက်စစ်ဓာတ်ဟာ ကိုက်ခဲနာကျင်မှု၊ နာမကျန်းမှုနဲ့

ကင်ဆာရောဂါတို့ကိုတောင် ဖြစ်စေနိုင်ပါတယ်။



                                                           ကြယ်စင်