Friday, July 20, 2012

နောက်ထပ်တွေ့ဖြစ်ရင် - ရသ ft Jenny

နောက်ထပ်တွေ့ဖြစ်ရင် - ရသ ft Jenny

Download

Saturday, July 14, 2012

အမေ - ဗျောက်အိုး

အမေ - ဗျောက်အိုး

Download

Peace - Yatha, JoukJack & NayMin (Music Video)

Peace - Yatha, JoukJack & NayMin (Music Video)

Download

မေ့လိုက် (ဘမောင် Feat. ရသ)

မေ့လိုက် (ဘမောင် Feat. ရသ)

Download

Fighter Lar - Yatha, Bigg-Y & Ba Mg

Fighter Lar - Yatha, Bigg-Y & Ba Mg

Download

Shut Up - L.E.E (Beat Produced by OBO)

Shut Up - L.E.E (Beat Produced by OBO)

Download

Peace - Yatha, JoukJack & NayMin

Peace - Yatha, JoukJack & NayMin

Download

Dream - Mc Kg Lay ft. Yatha & Mc Bathaw

Dream - Mc Kg Lay ft. Yatha & Mc Bathaw
 
Download

ရသ - Love

ရသ - Love


Download

Thursday, July 12, 2012

ဆေးလိပ် နဲ့ ကင်ဆာ

ဆေးလိပ်သောက်တာနဲ့ ကင်ဆာ ဆက်စပ်တာမှာ အဆုပ်ကင်ဆာက ထိပ်မှာနေတယ်။ Lung cancer death အဆုပ်-ကင်ဆာနဲ့ သေဆုံးရသူ အားလုံးထဲမှာ ယောက်ျားဆိုရင် ၉ဝ% မိန်းမဆိုရင် ၈ဝ% ဟာ Cigarette smoking စီးကရက် သောက်တာနဲ့ ဆက်စပ်နေပါတယ်။

စီးကရက်ဆေးထဲမှာ Ingredients ဓါတ်အမျိုးအစားပေါင်း ၅၉၉ ပါပြီး၊ မီးရှို့လိုက်ရင် Chemicals ဓါတ်အမျိုးပေါင်း ၄ဝဝဝ ဖြစ်လာတယ်။ အဲဒီအထဲက ၄ဝ မကတာတွေဟာ Carcinogens ကင်ဆာဖြစ်စေနိုင်တာတွေ ဖြစ်တယ်။ သေဆုံးရခြင်း အကြောင်းရင်း တွေထဲမှာ ကင်ဆာက ဒုတိယ လိုက်တယ်။ ကင်ဆာ မှန်သမျှ ဘာလို့ဖြစ်သလဲ ဆရာဝန်တွေ သိပ်မသိကြသေးဘူး။ ဒါပေမဲ့ အဆုပ်-ကင်ဆာဟာ ဆေးလိပ်နဲ့ ဆက်စပ်တယ်လို့ သိလာရတဲ့ ပဌမဆုံးရောဂါ ဖြစ်ပါတယ်။

• ကင်ဆာအမျိုးမျိုးထဲမှာ Lung cancer အဆုပ်ကင်ဆာက ကင်ဆာကြောင့် သေဆုံးမှုတွေထဲမှာ ထိပ်ရှိတယ်။ စီးကရက်က အဓိက တရားခံဘဲ။
• စီးကရက် မသောက်သူတွေထက် သောက်သူတွေကို ယှဉ်ရင် အမျိုးသားတွေမှာ ၂၃ ဆ၊ အမျိုးသမီးတွေမှာ ၁၃ ဆ အဆုပ်ကင်ဆာ ပိုပြီးဖြစ်စေတယ်။
• အဆုပ်ကင်ဆာဖြစ်သူတွေထဲက ဆေးလိပ်သောက်လို့ ယောက်ျားတွေမှာ ၉ဝ%၊ မိန်းမတွေမှာ ၈ဝ% သေဆုံးကြတယ်။
• ၂ဝဝ၃ ခုနှစ်က အဆုပ်ကင်ဆာ လူနာသစ်ပေါင်း ၁၇၁၉ဝဝ ထဲက ၁၅၇၂ဝဝ လောက်နီးနီး Lung cancer နဲ့ သေဆုံးခဲ့တာတွေ့ရတယ်။
• ၂ဝဝ၄ ခုနှစ် Surgeon General's report အစီရင်ခံစာထဲမှာ ဆေးလိပ်သောက်တာနဲ့ ဆက်စပ်တဲ့ ကင်ဆာတွေဟာ Oral cavity အာခံတွင်း-ကင်ဆာ၊ Pharynx အာခေါင်-ကင်ဆာ၊ Larynx လေပြွန်-ကင်ဆာ၊ Esophagus အစာမြိုပြွန်-ကင်ဆာ၊ Bladder ဆီးအိမ်-ကင်ဆာ၊ Stomach အစာအိမ်-ကင်ဆာ၊ Cervix သားအိမ်ဝ-ကင်ဆာ၊ Kidney ကျောက်ကပ်-ကင်ဆာ၊ Pancreas သရက်ရွက်-ကင်ဆာ နဲ့ Acute myeloid leukemia (လူကီးမီးယား) သွေး-ကင်ဆာတွေကလဲ ဆေးလိပ် သောက်တာနဲ့ ဆက်စပ်မှု ရှိတယ်လို့ ပါရှိခဲ့တယ်။
• ဆေးလိပ်လဲသောက်၊ အရက်လဲသောက်သူတွေမှာ ပိုဖြစ်ကြရတာက Laryngeal cancer လေပြွန်ကင်ဆာဖြစ်တယ်။ ၂ဝဝ၃ တုံးက ဒီရောဂါနဲ့ လူပေါင်း ၃၈ဝဝ သေဆုံးခဲ့ရတယ်။
• ဆေးလိပ် များများသောက်တာနဲ့ အဖြစ်များတာလဲ ဆက်စပ်မှုရှိတယ်။
• ဆေး-ဆေးလိပ်ထဲက Nicotine ကို Cancer-causing substances ကင်ဆာ ဖြစ်စေတဲ့ဓါတ်လို့ သတ်မှတ်တယ်။
• ကင်ဆာကိုဖြစ်စေနိုင်တဲ့ ဓါတ်တွေထဲမှာ ထင်ရှားတာတွေကတော့ Arsenic, Benzene, Beryllium, 1,3–Butadiene, Cadmium, Chromium, Ethylene oxide, Nickel, Polonium-210, Vinyl chloride ဖြစ်တယ်။
• Other toxic chemicals တခြား အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတ်တွေကတော့ Formaldehyde, Benzo[α]pyrene, Toluene တွေ ဖြစ်ကြတယ်။
• Tobacco ဆေး မှန်သမျှ Harmful ရောဂါရစေမယ်။ Addictive စွဲစေတယ်။

Secondhand smoke သူများသောက်တဲ့ ဆေးလိပ်ငွေ့ရှူလို့လဲ ရောဂါတွေ ဖြစ်စေတယ်။ ဥပမာ Heart disease နှလုံးရောဂါ ဖြစ်ဘို့ ၂၅-၃ဝ% ပိုစေနိုင်တယ်။ ကိုယ်ဝန်ဆောင်မှာ အဲလိုဖြစ်ရင် ကိုယ်အလေးချိန်မပြည့်တဲ့ကလေး မွေးလာနိုင်တယ်။ ကလေးတွေမှာ ဆိုရင် Sudden infant death syndrome (SIDS) ရုတ်တရက် ကလေးငယ် သေဆုံးခြင်း၊ Ear infections နားရောင်၊ Colds အအေးမိ၊ Pneumonia နူမိုးနီးယား၊ Bronchitis လေပြွန်ရောင်၊ Asthma ပန်းနာတွေ ပိုဖြစ်လာနိုင်တယ်။

Dr. တင့်ဆွေ

လှယုံမက ဝချင်သေးရင်

ကိုယ်အလေးချိန် တိုးချင်တာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါ။ “ငါးကျီးခြောက် ကြပ်တင်”လို့၊ “ငါးဖေါင်ရိုးခြောက်” လို့ အခေါ်ခံနေရသူများလို၊ မွေးရာပါ မျိုးဗီဇကိုက Skinny body type ခပ်ပိန်ပိန် သမားများအတွက်ဆို ပိုခက်မည်။ ငါးမှာတောင် ပိန်ရင် ငါးရာမသွင်းဘူး ထင်ပါရဲ့။

ဝချင်ရင် အရင်ဆုံး ရောဂါဘယတွေ ကင်းနေဘို့ လိုပါတယ်။ သိတဲ့အတိုင်း နာတာရှည် ရောဂါတွေက လူကို ပိန်သွား စေပါတယ်။ TB, HIV-AIDS ကင်ဆာ၊ လည်ပင်ကြီးဟော်မုန်းများနေသူ စတာတွေပါ။ တီဘီ ဖြစ်နေသူတယောက် ဆေးပါတ်လည်လို့ ပျောက်လာရင် သေခြာပေါက် ဝလာပါတယ်။ တိတိကျကျ ဆိုရရင် ညိုပြီး ဝလာတာပါ။

ခပ်လွယ်လွယ် သဘောပေါက်အောင်ပြောရရင် ဝချင်ရင် ကြီးကြီးကြံပါလေ။ အိန္ဒိယကို ရောက်ခါစ ဦးမောသီရိ ဆိုတဲ့ စာပေဆုရဘူးသူ မိတ်ဆွေကြီးကပေးတဲ့ အကြံတခုက ဘာလဲဆိုတော့ “တံငါဖြစ်မှတော့ ငါးကြီးကြီးမျှားပါ” တဲ့။ သူက အပြောတင် မဟုတ်ဘူး။ အင်္ဂလိပ်စကား တလုံးမှ မတတ်ပေမဲ့ သတ္တိကောင်းလှတဲ့ တိုင်းရင်းသူတယောက်ကို ဝန်ကြီးချုပ် ဆိုသူနဲ့ တွေ့အောင် အားလဲပေး၊ အကူညီလဲ ပေးခဲ့တဲ့သူပါ။

ကြီးကြီးကြံဘို့ရာ တခါစား များများ၊ အကြိမ်လဲ များများ၊ ထမင်းလုပ် ကြီးကြီး၊ ထမင်းပန်းကန်အစား ဇလုံ၊ ဇွန်းဆိုရင် ယောက်ချို သုံးပါ။ အတွေ့အကြုံအရ ပြောရရင် လူကောင်ကြီးသူတွေ လက်ရေးလက်သား သေးသေး၊ လက်မှတ်က ငယ်ငယ်လေး ဖြစ်တတ်တယ်။ အဲတော့ လက်ရေးပါ ပြောင်းချင် ပြောင်းလို့ အကြံပေးရမလားဘဲ။

ဝချင်ရင် အလေး(ဝိတ်) မ, တာ ငြင်းစရာတော့ မရှိပါ။ များများစားဘို့လောက်တော့ မထိရောက်ပါ။ ပိန်သူတွေရဲ့ ဇီဝကမ္မ ဆိုတဲ့ သက်ရှိတို့ ထုံးစံလုပ်ပေးနေရတဲ့ ဖြစ်စဉ်ကိုယ်၌က မြန်မြန်ကြီး လုပ်နေသူတွေ ဖြစ်လို့ (ကယ်လိုရီ) တွေ ပိုရဘို့ လိုပါတယ်။ စာသင်သလို ပြောရရင် အဆင့် ၅ ဆင့်ရှိတယ်။ ကိုယ်အလေးချိန် ချိန်ထားပါ။
၁။ ခါတိုင်း တနေ့မှာ (ကယ်လိုရီ) ဘယ်လောက် စားနေသလဲ။
၂။ စားနေတာထက် ၅ဝဝ (ကယ်လိုရီ) ပိုစားပါ။ စားနိုင်အောင် တနေ့ ၃ ထပ်ကနေ ၄-၅ ထပ် စားပြစ်လိုက်ပါ။
၃။ (ဝိတ်)မ ပါ။ Gym သွားချင်သွား၊ အိမ်မှာဘဲ လုပ်လုပ်။
၎။ အလေးချိန် ပြန်ချိန်ပါ။ တပါတ်အပြီး ၁-၂ ပေါင်တိုးရင် ကောင်းတယ်။ ၁ဝ ပေါင် မတိုးချင်ပါနဲ့။ ကျန်းမာရေးအရ အကောင်း မဟုတ်ပါ။ ၁ လကုန်ရင် ၅-၈ ပေါင် တိုးတာ ကောင်းတယ်။
၅။ အလေးချိန် ဆက်မတိုးရင် နောက်ထပ် (ကယ်လိုရီ) ၂၅ဝ ပိုစားပါလေ။

တနေ့ (ကယ်လိုရီ) ဘယ်လောက်လိုတာ သိဘို့ “ဦးတိကျ” တွေအတွက် ဖေါ်မြူလာ ရှိတယ်။ အရင်ဆုံး ဘာမှမလုပ်ဘဲ နေတဲ့ အချိန်မျိုးမှာ လိုမဲ့နှုန်းထားကို တွက်ရတယ်။ Resting Metabolic Rate (RMR) လဲခေါ်တယ် Basal Metabolic Rate (BMR) လဲခေါ်တယ်။ လမ်းလဲမလျောက်၊ ပြေးလဲမပြေး၊ အသားလေးနေတုံး ကိုယ်ခန္ဓာက အသက်ရှူဘို့၊ နှလုံးခုန်ဘို့၊ အစာခြေနေဘို့ စတာတွေရဲ့ ဇီဝအလုပ်တွေအတွက် လိုအပ်ချက်ကို ပြောတာပါဘဲ။

ပျင်းတော့ ပျင်းစရာကြီး။ သင်္ချာလို ထပ်ရှင်းရအုန်းမယ်။
RMR = 9.99w + 6.25h - 4.92a + 166g-161
w = ကိုယ်အလေးချိန် ကီလိုဂရမ်၊ h = အရပ် စင်တီမီတာ၊ a = အသက် နှစ်၊ g = ကျား-မ၊ (ကျား = 1 မ = 0)
တနေ့တာလိုမဲ့ (ကယ်လိုရီ) သိဘို့ RMR ကို 1.25 နဲ့ မြှောက်လိုက်ပါ။

ပိုပြီး စားနိုင်အောင် စားပုံစားနည်း ပြောင်းသင့်ရင် ပြောင်းရမယ်။ အဝစား ၃ ခါနဲ့ သွားရည်စာ ၂ ခါ၊ ၃ ခါ စားပါ။ ကော်ဖီ၊ လက်ဘက်ရည် သောက်မဲ့အစား၊ နွားနို့၊ သစ်သီးဖျော်ရည် သောက်ပါ။ ပေါင်မုံ့စားရင် အညိုက အဖြူထက် ပိုတယ်။ အသီးအရွက်မှာလဲ ရေများများ ပါတာမျိုးဖြစ်တဲ့ ဂေါ်ဖီ၊ ပဲစိမ်းစားဥ၊ သခွါးသီးတို့ထက် အာလူး၊ ပဲမျိုးစုံ၊ မုံလာဥနီ၊ ပြောင်းဖူး တို့က သာတယ်။ အသီးတွေဆိုရင် လိမ်မော်၊ ပိခ်ျ၊ ဇီးသီး၊ ဖရဲသီးတွေထက် ငှက်ပျောသီး၊ သစ်တော့သီး၊ ထောပတ်သီး၊ နာနတ်သီး၊ ပန်းသီးတွေက သာတယ်။ (ဆု-ပ်)ဆိုတဲ့ ဟင်းရည်ဆိုရင် (ခရင်)ပါတာက အကြည်ရည်ထက် သာတယ်။

ဖြစ်နိုင်သမျှ အစားအသောက်တွေထဲမယ် စားသုံးဆီ ထည့်ရပါမယ်။ သံလွင်ဆီ၊ စားအုန်းဆီ၊ ထောပတ်ဆီတို့က နေကြာစေ့ဆီ၊ ပဲဆီတို့ထက် သာတယ်။ သာတယ်ဆိုတာ (ကယ်လိုရီ) ပိုရတာကို ပြောတာပါ။ ရှောင်သင့်တာတွေကတော့ ကျန်းမာရေးနဲ့ မကိုက်တဲ့ trans-fats တွေများတဲ့ (ပက်စထရီ)၊ ကိတ်၊ ကွတ်ကီး၊ ပြုပြင်ထားတဲ့ အသား-ငါး၊ (မာဂျရင်)၊ အလွယ်ဝယ်ရတဲ့ အစားအစာတွေပါ။

မဖြစ်မနေစားရမှာက (ပရိုတင်း) ဓါတ်ပါ အစာတွေ ဖြစ်တယ်။ အသားမျိုးစုံ၊ ငါးမျိုးစုံ။ စားနိုင်တဲ့ အသားအမျိုးမျိုးအပြင် (ကယ်လိုရီ) များများပါတဲ့ ထောပတ်၊ ဒိန်၊ (အောလစ်ဖ်)ဆီ၊ (ခရင်မ်)ဆိုတာတွေ ထပ်ဖြည့်ပါ။ အသားမစားသူတွေလဲ ဝနိုင်တာပါ။ ကြွက်သားတွေ မာတင်းပြီး သန်ချင်ရင်တော့ အသားစားသူများက ပိုသာပါတယ်။

စိတ်လှုတ်ရှားမှုတွေဟာ (ကလ်လိုရီ) အတော် ဖြုန်းပြစ်တယ်။ ဒါ့ကြောင့် စိတ်အေးအေးထားပါ။ လွမ်းစရာ ဝတ္တုတွေ မဖတ်နဲ့။ ဟောလိဝုဒ်က သရဲကား၊ (အေလီယန်)ကား၊ (အက်ရှင်)ကားတွေ မကြည်နဲ့၊ ဇာတ် မနာနာအောင် ရိုက်ထားတဲ့ ကိုရီးယားကား၊ ကုလားကားတွေ မကြည့်နဲ့။ ဗမာတွေ ဒါကြောင့် ပိန်နေတာ။

စားခိုင်းတာတော့ ဟုတ်ပါပြီ၊ စားချင်စိတ် ပိုကောင်းအောင် ဘယ်လိုလုပ်မလဲ။ ဗီတာမင် B အုပ်စု ဆေးတွေက အထောက်အပံ့ ပြုပါတယ်။ Cyproheptadine (Cypon) ဆိုတဲ့ဆေးက (အလာဂျီ) စတာတွေအတွက် ဖြစ်ပေမဲ့ Anorexia nervosa ခေါ်တဲ့ စားချင်သောက်ချင်စိတ် နည်းနေသူတွေကိုလဲ ပေးနိုင်ပါတယ်။ ကလေးတွေဟာ နဲနဲလေး ဖြစ်လိုက်တာနဲ့ ကျသွား၊ ပိန်သွားဖြစ်တတ်တယ်။ (Cypon) တိုက်ရင်လဲ ခဏနဲ့ ပြန်စားချင် လာကြမယ်။

နောက်တခုက အစပ်စားတဲ့လူ၊ (မဆလာ)ကြိုက်သူ၊ အချဉ်ပါမှဆိုသူတွေ ခံတွင်းတွေ့ရင် စားသာစားပါလေ။ အစပ်တို့၊ ဟင်းခပ်အမွှေးအကြိုင်တို့ဆိုတာ စားချင်လာအောင် လုပ်ပေးတဲ့ တန်ခိုးရှိတယ်။ တရူပ်နံနံ (ကြံမဆိုင်) ခပ်ထားတဲ့ ဟင်းချိုရည်က ပိုချိုသလို မဟုတ်လား။ “နှာညွန့်ကို ခြူတတ်သော” ဆိုတဲ့အစားပေါ့။ ငရုပ်သီးက မတူတဲ့ အကျိုး နှစ်မျိုး ရစေပါတယ်။ အစပ်တွေဟာ (ကယ်လိုရီ) ပိုသုံးလို့ ပိန်စေတယ်။ အစပ်ပါမှ စားချင်စိတ်ပိုလို့ ဝစေမယ်။

ကိုယ်ခန္ဓာ ကြီးထွားစေတဲ့ ဟော်မုန်းဆိုတာ လူ့ဦးနှောက်ကနေ ထုတ်ပေးနေတယ်။ အလေးမသူများ ကြွက်သားတွေ သန်မာလာတာ သူ့အစွမ်းပါ။ သဘာဝ မဟုတ်ဘဲ အပိုဆောင်းချင်သူတွေအတွက် (စတီရွိုက်) ဟော်မုန်း ဆေးတွေလဲ ရှိပါတယ်။ Human Growth hormone (HGH), Growth factors and Testosterone-based analogs ဆိုတာတွေပါ။ ဒီဆေးတွေကို အရွယ်လွန်သူ ယောက်ျားတွေအတွက်ရော အားကစားသမားများအတွက်ပါ သုံးနေတာဖြစ်တယ်။ အိုလံပစ် ဆုတံဆိပ် ပြန်အပ်သူတွေ မနည်းတော့ဘူး မဟုတ်လား။ ဟော်မုန်းဆိုတာ အစွမ်းကြီးသလို သတိကြီးကြီးလည်းထား သုံးရတာမျိုး ဖြစ်တယ်။

ဂျပန် (ဆူမို) နပမ်းသမားနည်းက “(ကယ်လိုရီ)များတဲ့ အစာတွေစား၊ အဆီ မများစေနဲ့”။ (အင်စူလင်) ဆိုတဲ့ သကြားဓါတ် ထိန်းတဲ့ ဟော်မုန်းကို ဆွပေးလို့၊ (ကယ်လိုရီ) များရင် သိမ်းထားတဲ့ အဆီကို ထုတ်မသုံးစရာ မလိုတော့ဘူး။ တခါတည်း များများ စားနိုင်အောင် တချို့က မနက်စောစောစာ မစားဘဲနေတယ်။ သူလို ကိုယ်လိုတွေက တနေ့မှ ၂ဝဝဝ-၃ဝဝဝ သာ စားတယ်။ (ဆူမို) နပမ်းသမားတွေ တနေ့ကို (ကယ်လိုရီ) ၆ဝဝဝ ကနေ ၂ဝဝဝဝ အထိ စားသတဲ့။ အရက် (ဘီယာ)လဲ သောက်ပါတဲ့။ သူလို ကိုယ်လိုဘဲပေါ့။ တထိုင်ထဲ ဘီယာ ဗူး ၁ဝဝ ကုန်သူဆိုတာ ရှိဆိုဘဲ။ လေ့ကျင့်ခန်းကို ပိုပြီး၊ ပြင်းပြင်း ထံထံ၊ နေ့စဉ်မှန်မှန်၊ လုပ်တာကြောင့် စားချင်စိတ်တွေ ပိုလာစေတယ်။

ကျန်းမာရေးသတင်း အသစ်စက်စက်တခုက ဘာပြောလဲဆိုတော့ မျောက်တွေကို စုထားပြီး စမ်းတဲ့အခါ၊ အကောင်ကြီး တွေက နိုင်ချင်တာကြောင့် စိတ်ညစ်ရတဲ့ မျောက်တွေမှာ အဆီစုပြီး၊ ဝမ်းခေါင်း ကျယ်လာသတဲ့။ ကောက်ချက်ဆွဲရင် စိတ်ဒုက္ခရရင် ဝတယ်ဆိုဘဲ။ နိုင်လိုမင်းထက် အနှိပ်စက်ခံနေရသူများ အတော်ဘဲပေါ့။ ဒါပေမဲ့ ဒီ သီအိုရီက လူတွေအတွက် မှားပါတယ်။ မြန်မာပြည်ဆိုရင် အမှားကြီး မှားတယ်။ စိတ်သောက များတိုင်းသာ ဝရရင်လား ဗမာပြည်မှာ (ဆူမို) သမားချည်းသာ ဖြစ်တော့မယ်။

ချုပ်လိုက်ရင် “ရောဂါ ကင်ရှင်း၊ ထမင်းဟင်း များများ၊ ဆေးဝါးလဲစား၊ အလေးလဲ မပါ” ခင်ဗျား။ စားနည်းလည်း သိပြီ။ စားချင်အောင် လုပ်နည်းလည်း သိပြီ။ စားချင်တာ စားနိုင်တဲ့ဘဝမျိုး ရဘို့ကတော့ မျောက်ဆိုးများ နှိပ်စက်တာ မခံကြပါနဲ့ ခင်ဗျား။

Dr. တင့်ဆွေ

Computer Eye Strain ကွန်ပြူတာနဲ့ မျက်စိ

တီဗွီတွေ၊ ကွန်ပြူတာတွေ မပေါ်ခင်က လူ့မျက်စိဆိုတာ Hunters' eyes မုဆိုး-မျက်စိလို သုံးဘို့သာ လိုခဲ့တယ်။ ကွန်ပြူတာ သုံးသူတွေ မျက်စိမှာ တခုခုလာဖြစ်တာကို (ကွန်ပလိန့်) လုပ်သူ ၅ဝ% ရှိတယ်။ ခေါင်းကိုက်၊ မျက်စိဝါး အပြင် အားအင် ကုန်သလို ခံစားလာရသူတွေလဲ ရှိတယ်။ ခုထိတော့ ရုတ်တရက် ဆိုးဝါးတဲ့ Glaucoma ရေတိမ် နဲ့ ကွန်ပြူတာ သုံးတာ ဆက်စပ်မှု မတွေ့ရသေးပါ။ Computer Vision Syndrome (CVS) ဖြစ်တာတွေ သက်သာဘို့ အလုပ်စခန်း၊ လူအနေအထား၊ မျက်မှန်၊ ကွန်ပြူတာမျက်နှာပြင်မှာ လိုတာတွေ ပြင်ပြီး မျက်စိ လေ့ကျင့်ခန်းတွေနဲ့ လုပ်နိုင်ပါတယ်။

မျက်စိဆရာဝန်နဲ့ မျက်စိစစ်ပါ။ National Institute of Occupational Safety and Health (NIOSH) အဆိုအရ ၁ နှစ် ၁ ခါ စစ်ပါ။ သက်သာစေနည်း ၁ဝ နည်း ပြောပါမယ်။
1. အလုပ်နေရာမှာ အလင်းရောင် မှန်-ကောင်းပါစေ။ လင်းလွန်းတာလဲ မကောင်းပါ။ ရုံးတွေမှာ အများဆုံး ထွန်းထာတဲ့ အလင်းရောင်ထက် ထက်ဝက်သာ လိုတတ်ပါတယ်။ ပြူတင်းပေါက် လိုက်ကာတွေ ချထားပါ။ အလင်းရောင်လာရာက ကိုယ့် (မော်နီတာ) နောက်က-ရှေ့က မဖြစ်စေပါနဲ့။ Overhead fluorescent lights သုံးရင် အဆင်မပြေသူတွေ ရှိတယ်။ (မော်နီတာ) အလင်းက အခန်းထက် ပိုသင့်တယ်။ နောက်ကျောက နံရံမှာ ကပ်မနေသင့်ပါ။ ပိုအရေးကြီးတာက ကိုယ့်ရှေ့မှာ နံရံရှိနေတာ မကောင်းပါ။ ပရိုဂရမ်တခု Install လုပ်နေတုံး Screen ကို စိုက်ကြည့်မနေပါနဲ့။
2. ပြောင်ချောနေတဲ့၊ အလင်းပြန်နိုင်တဲ့ နံရံတွေက မကောင်းဘူး။ နံရံ ဆေးပြင်သုတ်ပါ။ Wall paper ကပ်ပါ။ လိုအပ်ရင် ကိုယ့်ကွန်ပြူတာမှာ Anti-glare screen တပ်ပါ။ မျက်မှန်တပ်ရသူဆိုရင် Anti-reflective (AR) coating ပါတာကို သုံးပါ။
3. Display အဆင့်မြှင့်ပေးပါ။ CRT screens တွေအစား Flat-panel liquid crystal display (LCD) သုံးပါ။ ပိုကြီးတာ ပိုကောင်းတယ်။ Desktop computer ဒေါင့်ဖြတ်မျဉ်း 19 inches ဖြစ်ပါစေ။
4. ကွန်ပြူတာ မျက်နှာပြင်ရဲ့ Brightness and contrast ကို Adjust လုပ်ပါ။ အလုပ်ခွင်နဲ့ တူနေတာ ကောင်းတယ်။ စမ်းသပ်နည်း တခုကတော့ Web page အဖြူခံကို ဖွင့်ထားတဲ့အခါ အလင်းရောင်က အဲဒီက လာနေတာဆိုရင် များတယ်။ Dull and gray ဖြစ်နေရင်လဲ နည်းတယ်။
5. Text size နဲ့ Color တွေလဲ ကိုယ်နဲ့ ကိုက်ပါစေ။ အကောင်းဆုံး Text size ဆိုတာ ကိုယ်စာဖတ်နေကြ စာလုံး အရွယ်ရဲ့ ၃ ဆ ရှိသင့်တယ်။ အဖြူခံပေါ်က အနက်စာလုံး ပိုကောင်းတယ်။
6. မကြာမကြာ မျက်တောင် ပိုခတ်ပေးပါ။ အခန်းမှာ လေကခြောက်သွေ့နေတာ မကောင်းပါ။ မိနစ် ၂ဝ တခါ ၁ဝ ကြိမ် မျက်တောင်ခတ်ပါ။
7. မျက်လုံး လေ့ကျင်ခန်း လုပ်ပါ။ မိနစ် ၂ဝ တခါ၊ ကွန်ပြူတာကနေ အဝေး (ပေ ၂ဝ အဝေး) ကို ၂ဝ စက္ကန့်ကြာ ကြည့်ပေးပါ။ နောက်တနည်းကတော့ ပိုပြီးဝေးတဲ့ဆီကို ၁ဝ-၁၅ စက္ကန့်ကြာ ၁ဝ ခါ ကြည့်ပေးပါ။
8. မကြာမကြာ ကွန်ပြူတာအလုပ်ကနေ နားပေးပါ။
9. ချထားတဲ့ စာရွက်ကြည့်လိုက်၊ မောနီတာကြည့်လိုက် မကောင်းပါ။ Copy stand ကို Monitor မှာဆင်ပါ။ Desk lamp လိုရင် သုံးကြည့်ပါ။ စားပွဲ၊ ကုလားထိုင် အနိမ့်-အမြင့် အဆင်ပြေပါစေ။ Ergonomic furniture ကောင်းပါတယ်။ Computer screen က ကိုယ့်မျက်စိနဲ့ ၂ဝ-၂၄ လက္မ ကွာပါစေ။ Screen အလည်မှတ်ဟာ ကိုယ့်မျက်စိရဲ့ အောက် ၁ဝ-၁၅ ဒီဂရီ နိမ့်နေပါစေ။
10. Computer eyewear သုံးဘို့ စဉ်းစားပါ။ Computer glasses တွေဟာ Bifocals တို့ Progressive lenses မျက်မှန်တို့ သုံးရသူတွေအတွက်လဲ ကောင်းပါတယ်။

Computer Glasses ဆိုတာဘာလဲ။
မျက်မှန်ဟာ ၂၈ လက္မ ဖိုးကပ်စ် လုပ်နိုင်ရင် ကွန်ပြူတာနဲ့ သုံးနိုင်ပါတယ်။ Optical quality ကောင်းဘို့တော့လိုတယ်။ စပါယ်ရှယ် လုပ်ပေးထားတဲ့ မျက်မှန်ကိုမှ Computer glasses ခေါ်ပါတယ်။ Trifocals နဲ့ Weak Bifocals တွေလဲ သုံးလို့တော့ ရတယ်။ မကောင်းလှပါ။ ဒီမျက်မှန်တွေရဲ့ ဆုံချက်က မှန်ရဲ့ အောက်ခြေမှာ ရှိပြီး၊ ကွန်ပြူတာ-မျက်နှာပြင်က မျက်စိနဲ့ တည့်တည့် ဖြစ်နေလို့ပါ။ ခေါင်းကို ပြင်နေရတာက လည်ပင်း ကြွက်သားတွေ နာစေတယ်။ ရိုးရိုး စာကြည့် မျက်မှန်တွေက ပိုတော့ ကောင်းတယ်။ ဒါပေမဲ့ ၁၄ လက္မ ဖိုးကပ်စ် ဖြစ်တာ များလို့ ခေါင်းကို ရှေ့ငုံ့ရတော့မယ်။ လည်ပင်း-ပခုံး နာစေမယ်။ မျက်စိစွေ ကြည့်နေရလိမ့်မယ်။ ခေါင်းကိုက်လာမယ်။ မျက်စိ နားထင်ဘေးမှာ အရစ်တွေထင်စေမယ်။

မုဆိုးနဲ့စတော့ အကောင်နဲ့ အဆုံးသတ်ရမှာပေါ့။ အဲလိုဖြစ်တာကို Crow Foot ခေါ်တယ်။ “ငှက်ခြေ” ပေါ့။ ကွန်ပြူတာနဲ့ လုပ်ရတာ ကြာလို့ ဖြစ်နေပြီးများ ပြင်လို့ရပါတယ်။ Nicole Kidman လဲ အဲလို လုပ်ထားတာပါ။

Dr. တင့်ဆွေ