Thursday, April 19, 2012

မျှော်လင့်ခြင်း လမင်း

နူးညံ့တဲ့ မင်းမျက်ဝန်းရဲ့အကြည့်တွေကို
ငါတိတ်တခိုး မျှော်လင့်ရင်းရင်ခုန်ခဲ့တယ်...
နီထွေးတဲ့ မင်းနှုတ်ခမ်းလေးတစ်စုံရဲ့
လှုပ်ရှားမှုတွေမှာငါပျော်ဝင် ကျဆုံးခဲ့တယ်...
လှပလွန်းတဲ့ မင်းအပြုံးလေးမှာ
ချိုမြိန်ရီဝေစွာနဲ့ ငါ့နှလုံးသားအရည်ပျော်ခဲ့တယ်...
မင်းရဲ့ရင်ဖွင့်လာမယ့်နေ့ကို
တိတ်ဆိတ်စွာစောင့်စားရင်း
ရင်မောခဲ့ရသူပါကွယ်...

No comments:

Post a Comment